Subscribe For Free Updates!

We'll not spam mate! We promise.

နာဆာကွန်ပျိုတာစနစ်ကိုဖျက်ဆီးမှုဖြင့်ဟက်ကာတစ်ဦး ထောင် ၁၆ လကျ

ရိုမေးနီးယား hacker တစ်ဦးဟာ အမေရိကန်ရေတပ်၊ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနနဲ့ အာကာသအေကျင်စီ နာဆာတို့ရဲ့ ကွန်ပျိုတာတွေကို နှောက်ယှက်မှုနဲ့ တရားစွဲခံနေရကြောင်း အေပီသတင်းက ဖော်ပြခဲ့ပါတယ်။

ငှင်းကို ယခုအခါ အင်တာနက် လုံခြုံရေးနှောင့်ယှက်မှုနဲ့ တရားစွဲကာ ထောင်ဒဏ် ၁၆ လချမှတ်လိုက်ကြောင်း ငှင်းရဲ့ရှေ့နေက ပြောခဲ့ပါတယ်။ ဗစ်တာဖောင်ဟာ လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ်ရှိ အဆိုပါရိုမေးနီးယား ကွန်ပျိုတာ ပရိဂရမ်မာဟာ ပြီးခဲ့တဲ့ ၂၀၀၆ နဲ့ ၂၀၀၅ ခုနှစ်အတွင်း အထက်ပါ အမေရိကန်အစိုးရဌာန သုံးခုရဲ့ ကွန်ပျိုတာကွန်ရက်ကို နှောက်ယှက်မှုနဲ့ ထောင်ဒဏ်ချမှတ် ခံခဲ့ရတာဖြစ်ပြီး၊ ငှင်းကိုပျက်စီးမှုတွေ အတွက်လည်း လျော်ကြေးပေးဖို့အမိန့် ချခဲ့တယ်လို့ဆိုပါတယ်။

ဖောင်ဟာဟာ ယခုအခါ အမေရိကန်မှာသာမကဘဲ ဇာတိမြေ ရိုမေးနီးယား မှာလည်း hacking လုပ်ခဲ့မှုတွေအတွက် တရားစွဲဆို ခံထားရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၂ နှစ် အထိရင်ဆိုင်ရဖွယ် ရှိနေပါသည်။ ငှင်းရဲ့အမှုကို ယူအက်စ်မှာ ၁၀ လ ကြာအောင်စစ်ဆေးခဲ့ပြီး ငှင်းရဲ့ ရှေ့နေကတော့ အယူခံဝင်သွားမယ်လို့ပြောခဲ့ပါတယ်။ ယူအက်စ်အစိုးရဟာ ဖောင်ဟာကို WhiteHat Team လို့ခေါ်တဲ့ hacker ဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲထားခဲ့ပြီး ငှင်းတို့အဖွဲ့ဟာ ကမ္ဘာမှာအလုံခြုံဆုံး လို့ဆိုနိုင်တဲ့ ယူအက်စ်အစိုးရကွန်ပျိုတာတွေကို hacking လုဖို့ကြိုးစားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Lakap let: : KM

No comments:

Kachinbee. Powered by Blogger.